ညောင်ရွှေမြို့နယ်တွင် ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃) မဲဆန္ဒရှင်လူငယ်များ၏ စကားသံများ

ညောင်ရွှေမြို့နယ်တွင် ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃) မဲဆန္ဒရှင်လူငယ်များ၏ စကားသံများအား စုစည်းဖော်ပြအပ်ပါသည် - 

တွေ့ဆုံမေးမြန်း - နေမျိုးသူရိန်

မောင်ဝင်းထက်ဗိုလ် (နန္ဒဝန်ရပ်)

ကျွန်တော့်အနေနဲ့ ပထမဆုံး ဆန္ဒမဲပေးခြင်းဖြစ်ပါတယ်၊ ကိုယ်ကြိုက်တဲ့ ပါတီကိုပဲ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ပါတယ်၊ ကျွန်တော်တို့ လူငယ်တွေအတွက် အကောင်းဆုံးကို ဖန်တီးပေးနိုင်မယ့် အစိုးရတစ်ရပ်ပေါ်ပေါက်လာမယ်လို့ပဲ မျှော်လင့်ပါတယ်။

မဇင်မာထွန်း (လက်ခုပ်ပင်ရွာ)

ဆန္ဒမဲပေးဖို့ မဲရုံကို ရွာကနေအစောကြီးလာခဲ့ပါတယ်၊ ကျွန်မအသက်က (၁၉)နှစ်ဆိုတော့ မဲပေးတာက ပထမဆုံးအတွေ့အကြုံတစ်ခုပေါ့၊ စက်ခလုတ်နဲ့ နှိပ်ပြီး မဲပေးရမယ်ဆိုတော့လည်း စိတ်ဝင်စားတယ်၊ အနာဂတ်မှာ လူငယ်တွေအတွက်အကျိုးကို ဖော်ဆောင်မဲ့သူတွေကိုပဲ ရွေးချယ် ဆန္ဒပြုခဲ့ပါတယ်။

မအေးမြတ်သူ (နန္ဒဝန်ရပ်)

မဲပေးဖို့ အိမ်ကမိသားစုနဲ့အတူ လာ‌ရောက်ပြီးမဲလာပေးတာပါ၊ ပထမဆုံးမဲပေးဖူးတဲ့အတွက် စိတ်လှုပ်ရှား‌မှုတော့ဖြစ်ပါတယ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သူတွေကိုပဲ ရွေးချယ် မဲပေးခဲ့ပါတယ်၊ ဘာပဲဖြစ်ဖြစ်အကောင်းဆုံးကို ဖြစ်ပေါ်လာမယ်လို့ပဲ ယုံကြည်မျှော်လင့်ပါတယ်။ မဲပေးစက်နဲ့မဲပေးခဲ့ရတဲ့အတွက် အခက်အခဲမရှိ အဆင်ပြေပါတယ်။

မဆောင်းနှင်းဖြူ (နန္ဒဝန်ရပ်)

မဲလာရောက်ပေးရတာ အဆင်ပြေချောမွေ့ပါတယ်၊ ကျွန်မအနေနဲ့ ပထမဆုံးမဲပေးခြင်း အတွေ့အကြုံ တစ်ခုလည်းဖြစ်ပါတယ်၊ လူငယ်တစ်ယောက်အနေနဲ့ ဆန္ဒမဲပေးခွင့်ရတဲ့အတွက် တာဝန်ကျေပွန်တယ်လို့ ခံယူမိပါတယ်၊ လူငယ်တွေအတွက် ပညာရေးကဏ္ဍနဲ့ အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍကို ဖော်ဆောင်မဲ့သူမျိုးကို ရွေးချယ်ဆန္ဒမဲပေးခဲ့ပါတယ်။

မယမင်းကျော် (နန္ဒဝန်ရပ်)

မဲပေးစက်တွေနဲ့ ဆန္ဒမဲပေးရတာ အဆင်ပြေပါတယ်ရှင်၊ မဲရုံတာဝန်ရှိသူတွေအားလုံးကလည်း ကူညီဆောင်ရွက်ပေးခဲ့ပါတယ်၊ လူငယ်တစ်ယောက်အနေနဲ့ ‌မဲပေးခဲ့ရတာပျော်ပါတယ်၊ နိုင်ငံသား တစ်ယောက်တာဝန်ကျေတယ်လို့လည်း ခံစားမိပါတယ်၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီး ဘက် ပေါင်းစုံ ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်မိပါတယ်ရှင်။