​ကျိုင်းတောင်မြို့၌မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်ဆန္ဒမဲပေးခြင်းများဆောင်ရွက်

ကျိုင်းတောင်း ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက် ၆ နာရီကစတင်ကာ မြို့နယ်အတွင်းရှိမဲရုံအသီးသီး၌ မဲရုံမှူးက မဲရုံဖွင့်လှစ်ကြောင်း ကြေညာပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာသက်ဆိုင်ရာမဲရုံများ၌ ဆန္ဒမဲများပေးလျက်ရှိကြောင်းသိရသည်။

ကျိုင်းတောင်းမြို့အတွင်း မြို့ပေါ်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် ကျိုင်းတောင်မြို့၌ မဲရုံစုစုပေါင်း(၁၆)ရုံထားရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အဆင်ပြေပြေ မဲပေးနိုင်ရေးအတွက် ဉီးစားပေးဆောင်ရွက်ထားရှိကြောင်း သိရသည်။

မဲဆန္ဒရှင်များသည် မဲရုံများမဖွင့်မီအချိန်ကတည်းကပင် သတ်မှတ်မဲရုံအသီးသီးသို့ စိတ်ဝင်တစား လာရောက်စောင့်ဆိုင်းကာ မဲရုံဖွင့်လှစ် သည်နှင့် စနစ်တကျတန်းစီစောင့်ဆိုင်းပြီး ဆန္ဒမဲပေးခဲ့ကြသည်။

ထိုသို့ဆန္ဒမဲပေးရာတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများမှ သက်ဆိုင်ရာပါတီ ကိုယ်စားလှယ်လောင်းများ၊ စောင့်ကြည့်သူများနှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တာဝန်ရှိသူများက မဲပေးကြသည့်မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကို(ပြန်/ဆက်)