မိုးကောင်းမြို့နယ် နမ္မတီးမြို့ အ.မ.က-ရွှေလီကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးကောင်း ဇန်နဝါရီ ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့လှရပ်ကွက်ရှိ အ.မ.က-‌ရွှေလီကျောင်း၏ ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ(၁၉)ရက် နံနက်(၁၀)နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အ.မ.က-ရွှေလီကျောင်းမှ ကျောင်းသကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး နမ္မတီးမြို့ အုပ်ချုပ်ရေးမှူးနှင့် မြို့လှရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးဖိုးထွေးက ကျောင်း၏လိုအပ်ချက်များနှင့် ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စာပေထူးချွန်ဆု၊ အမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ပန်းချီထူးချွန်ဆုရရှိသူများ၊ ကျောင်းတွင်းအားကစားထူးချွန်ဆု ရရှိသူများကို တက်ရောက်လာသည့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုအသီးသီးချီးမြှင့်ကြသည်။

ထို့နောက် အမက-ရွှေလီကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သင်္ကြန်အက၊ ရှမ်းရိုးရာအက၊ ကချင်ရိုးရာအက၊ တောဓလေ့နှင့် ခေတ်ပေါ်တေးသီချင်းတို့ဖြင့် တေးသရုပ်ဖော်အကများ ဖျော်ဖြေကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)