ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဗေသလဘိုးဘွားရိပ်သာသို့ ကိုဗစ်-၁၉​ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

ဟားခါး  ဇန်နဝါရီ 

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အဘိုးအဘွားများ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုအဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ချင်းပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာနှင့် ဝန်ထမ်းများက ဗေသလဘိုးဘွားရိပ်သာသို့ ကိုဗစ်-၁၉​ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ယမန်နေ့က ပေးအပ်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ကျွန်တော်တို့ ဒီကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်းမှာ အဘိုးအဘွားများ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုအဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်ပြီး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေ လှူဒါန်းတာဖြစ်ပါတယ်။ ဟားခါးမှာကတော့ ဘိုးဘွားရိပ်သာက ဗေသလဘိုးဘွားရိပ်သာ တစ်ခုပဲရှိပါတယ်။ အဘိုးအဘွား တွေဆိုတော့ ပိုမိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ လူမှုဝန်ထမ်းအနေနဲ့ အသက်ကြီး ဘိုးဘွားတွေ ပုံမှန်လူမှုရေးပင်စင် ထောက်ပံ့သလို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် အထူးထောက်ပံ့တာ တွေလဲရှိပါတယ်ဟု ပြောပြခဲ့ပါတယ်။

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အထောက်အကူပြုစေရန်အတွက် ဗေသလ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား()ဦးလျှင် နှာခေါင်းစည်း(Mask)တစ်ဗူး၊ လက်သန့်ဆေးရည်()ဗူး၊ ဆပ်ပြာ()ခဲနှုန်းဖြင့် အဘိုးအဘွား စုစုပေါင်း(၁၄)ဦးအတွက်ထောက်ပံ့ပေးခဲ့ကြောင်း ချင်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။

အောင်ခွီရှိန်းခရိုင်(ပြန်/ဆက်)