မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း

မိုးနဲ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁၁) လွိုင်ချို အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို ယမန်နေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်လိုက်ခြင်းကြောင့် ကျောင်းသား/သူများ လွယ်လင့်တကူ စာပေဖတ်ရှုနိုင်ခြင်း၊ ဗဟုသုတအသစ်များ တိုးပွားလာခြင်း၊ အသိပညာဗဟုသုတများကို ပြန်လည်ဖလှယ်နိုင်ခြင်း၊ ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာနိုင်ခြင်း၊ ကာယာ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံစေခြင်း စသည့်အအကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ အသိပညာတိုးပွားရေး စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ စာအုပ်ပြပွဲများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို