မိုးနဲ ဇန်နဝါရီ ၁၅
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပနိုင်ရေးအတွက် အီလက်ထရွန်နစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ မိုးနဲမြို့နယ်သို့ ယမန်နေ့ညနေပိုင်းအချိန်က ရောက်ရှိခဲ့ကြောင်း သိရသည်။
မိုးနဲမြို့သို့ ရောက်ရှိလာသော MEVM မဲပေးစက်များအား မြို့နယ် MEVM မဲပေးစက်ဆိုင်ရာ လုပ်ငန်းအဖွဲ့မှ လက်ခံဆောင်ရွက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ကာ ဟော်ဝင်းအတွင်းရှိ မြို့နယ်သမဝါယမဦးစီးမှူးရုံး အောက်ထပ်တွင် MEVM မဲပေးစက် ၂၅၀ လုံး၊ ဘတ်ထရီ ၁၀ လုံးပါဂျပ်ဖာ ၅၀ ဖာ၊ ဘတ်ထရီအားသွင်းခုံ(၈)ခုံ၊ ဘတ်ထရီအားသွင်းစက်(၂)လုံးနှင့် အမှတ်(၂၄၈) ခြေလျင်တပ်တွင် MEVM မဲပေးစက် ၁၃၀လုံး၊ ဘတ်ထရီ ၁၀ လုံးပါဂျပ်ဖာ ၂၆ဖာ တို့အား မိုးလုံလေလုံနေရာ၌ ထည့်သွင်းသိမ်းဆည်းနေရာချထားခြင်း၊ ဆက်စပ်ပစ္စည်းများအား စနစ်တကျ ရေတွက်ခြင်းနှင့် လွှဲပြောင်း/လက်ခံခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)