ဘားအံ ဇန်နဝါရီ ၁၄
ကရင်ပြည်နယ် ဘားအံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ဘားအံတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ ဇန်နဝါရီ(၁၂)ရက်က ကျင်းပသည်။
ဦးစွာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ဆောင်းရာသီ အားကစားပြိုင်ပွဲနှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး ပြိုင်ပွဲကို ဖွင့်လှစ်သည်။
အဆိုပါ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံ အသင်း(၁၀)သင်းနှင့် အားကစားသမား စုစုပေါင်း(၁၃၁)ဦးဖြင့် ဇန်နဝါရီ (၁၂)ရက်မှ (၁၃)ရက်အထိ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)