ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေး စီမံချက်(Mask Campaign) အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်

ဟားခါး  ဇန်နဝါရီ 

ဟားခါးမြို့တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက် (Mask Campaign) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ယနေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Mask Campaignကို ဟားခါးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် လမ်းဆုံနေရာများ၊ စျေးများတွင် Mask တပ်ဆင်ခြင်း မရှိသူများ Mask အခမဲ့တပ်ဆင်ပေးခြင်းနှင့် ညစ်ပေသည့် Mask တပ်ဆင်သူများအား Mask အသစ်အခမဲ့လဲလှယ် တပ်ဆင်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး ဟောပြောပေးခြင်းတို့ကို ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ကော်မတီဝင်များ ပူးပေါင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Mask Campaign ကို ဟားခါးမြို့တွင် နိုဝင်ဘာလ ၂၁ ရက်နေ့မှ  တစ်ရက်လျှင် Mask အရေအတွက် (၁၀၀၀)နှုန်းဖြင့် ဖြန့်ဝေမည့် နေ့ရက်သတ်မှတ်၍ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။

အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)