ကလော ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ထင်းရှူးမြို့တော် “ကလောမဂ္ဂဇင်း” ထုတ်ဝေနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွှဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်စာကြည့်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် မြို့နယ်စာရေးစရာအသင်းတို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ် စာကြည်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်မေမေနီက ထင်းရှူးမြို့တော် ကလောမဂ္ဂဇင်းထုတ်ဝေနိုင်ရေးနှင့် “ကလောမဂ္ဂဇင်း”တွင် ပါဝင်မည့် ကဗျာ၊ ဆောင်းပါး၊ သမိုင်းကြောင်းနှင့် ကလောမှတ်တမ်းဓာတ်ပုံရရှိရေး၊ စာအုပ်မျက်နှာဖုန်းဒီဇိုင်းရေးဆွဲရေးနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက် လာသည့်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတို့ပါဝင်ရေးသားရမည့် အခန်းကဏ္ဍနှင့်ပတ်သက်၍ မှတ်တမ်းဓာတ်ပုံ၊ကဗျာ၊ ဆောင်ပါးတို့ စုဆောင်းရေးသားထားရှိမှုအ ခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့သည်။ ထင်းရှူးမြို့တော် “ကလောမဂ္ဂဇင်း”ကို ၂၀၂၆ ခုနှစ်ဧပြီလတွင် ထုတ်ဝေဖြန့်ချီဖို့ လျာထားလျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)