ကိုကိုးကျွန်း ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ယနေ့ နံနက် (၈) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောမှ အဖွင့်မှာစကားပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကိုကိုးကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတတ်ရေးအတွက် သက်ဆိုင်ရာဂဏ္ဍများ အလိုက်တင်ပြဆွေးနွေးရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း၊ ကိုကိုးကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောနှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)