တီးတိန် ဇန်နဝါရီ ၁၂
ချင်းပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ချင်းပြည်နယ် တီးတိန်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။
အဆိုပါချီးမြှင့်ငွေများပေးအပ်ရာတွင် ခရိုင်နှင့်မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ချင်းပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်ပေးအပ်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)