မန်ကန် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ကျောင်းပေါင်းစုံ ကျောင်းသားပွဲတော်နှင့် ဂီတဖျော်ဖြေပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်အလံအလေးပြုခြင်း၊ အ.ထ.ကမှ ကျောင်းသား/ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ “မြန်ပြည်တစ်ဝှမ်း အေးချမ်းစေ” သီချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပွဲဖြစ်မြောက်ရေးတွင် ပါဝင်လှူဒါန်းသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ကျောင်းပေါင်းစုံမှ တာဝန်ရှိသူများအား အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပြီး အဆိုဝါသနာရှင်များမှလည်း နှစ်သက်ရာ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ရွှေမန်ကန်(ပြန်/ဆက်)