ကလိန်အောင်မြို့၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပ

ကလိန်အောင် ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်းဒသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ယနေ့နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရာ သတ်မှတ်ထားသည့် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ လာရောက်၍မဲပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့မဲပေးရာတွင် ကလိန်အောင်မြို့ပေါ်(၄)ရပ်ကွက်ရှိ မဲရုံ(၄)ရုံ၌ မဲဆန္ဒရှင်ပြည်သူများက မိမိတို့ကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား အီလက်ထရောမဲပေးစက်ဖြင့် ဆန္ဒမဲပေးကြသည်။

ကလိန်အောင်မြို့တွင် (၄)ရပ်ကွက်ရှိပြီး မဲရုံ(၄)ရုံဖွင့်လှစ်ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၁၁၆)ဦးရှိကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)