ရေဖြူမြို့နယ်အတွင်း ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲများလာရောက်ပေးလျက်ရှိ

ရေဖြူ ဇန်နဝါရီ   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)ကို ရပ်ကွက်/ကျေးရွာများရှိမဲရုံ(၁၅)ရုံ၌ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၆နာရီအချိန်က တစ်ပြိုင်တည်းစတင်ဖွင့်လှစ်ခဲ့ရာ ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲများလာ ရောက်ပေးလျက်ရှိသည်။

ဦးစွာမဲရုံများတွင် သက်ဆိုင်ရာတာဝန်ရှိသူများက မဲပုံးများနှင့် မြန်မာအီလက်ထရောနစ်မဲပေး စက်အား ကြည့်ရှုစစ်ဆေးပြီး မဲရုံမှူးများက နံနက်၆နာရီတွင် မဲရုံဖွင့်လှစ်ကြောင်းကြေညာကာ ဆန္ဒမဲပေးရန်စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်အသီးသီးအတွက် လျှို့ဝှက် ဆန္ဒပြုခန်းများ၌ ဆန္ဒပြုခဲ့ကြကြောင်းသိရသည်။

ရေဖြူ(ပြန်/ဆက်)