မိုင်းတုံ ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် ၂၀၂၅ ခုနစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးနေကြကြောင်းကို သိရသည်။ မိုင်းတုံမြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံကြီးကြပ်ရေးသူများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ ကိုယ်စလှယ်လောင်းများစသည့် အသိသက်သေများ ရှေ့မှောက်တွင် MEVM စက်မဲပုံးများ စစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များစစ်ဆေးခြင်း၊ ကိုယ်စလှယ်လောင်းများအားကြိုတင် စမ်းသပ်မဲဆောင်ရွက်စေခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းများ ဆောင်ရွက်ပြီးသည့်နောက် နံနက် ၆ နာရီ အချိန်မှ စတင်ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများမှ သက်ဆိုင်ရာမဲရုံများတွင် မိမိတို့ကြိုက်နှစ် သက်ရာပါတီများကို အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင် ပြည်သူအပေါင်းမှာ မိုင်းတုံမြို့နယ်အတွင်း စာရင်းရှိကျေရွာအုပ်စု (၁၃)အုပ်စု၊ ရပ်ကွက်(၁၁) ရပ်ကွက် စုစုပေါင်း(၂၄)အုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူပေါင်း (၃၁,၆၉၇)ဦးရှိပြီး မဲရုံ(၅၈)ရုံအား MEVM မဲပေးစက်(၅၈၀)လုံးဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။
(မြို့နယ်၊ပြန်/ဆက်)