ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) တွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာလာရောက်ဆန္ဒမဲပေးလျက်ရှိ

ဖာပွန်   ဇန်န၀ါရီ  ၁၁

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂) တွင် ပါဝင်သည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ  သတ်မှတ်မဲရုံအလိုက် ဖွင့်လှစ်သည့်နံနက် (၆)နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများသည် နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် အေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်းသိရှိရသည်။

ထိုသို့ဆန္ဒမဲများပေးကြရာတွင်ကမမောင်းမြို့ပေါ်(၄)ရပ်ကွက် ရှိမဲရုံ(၆)ရုံ၊ ကျေးရွာ (၂)ရှိမဲရုံ(၂) ရုံနှင့် တပ်မဲရုံး (၁)ရုံ  မဲရုံစုစုပေါင်း(၉)ရုံတို့ရှိ မဲဆန္ဒရှင်ပြည်သူများ၏နိုင်ငံသားတစ်ဦး တာဝန် ကျေပွန်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအတွင်းတာဝန်ထမ်းဆောင်ကြသည့် မဲရုံမှူး၊ ဒုမဲရုံးမှူး ၊ မဲရုံအဖွဲ့ဝင်များ၊ အတွင်းစည်း၊ အပြင်စည်းလုံခြုံရေးအဖွဲ့များဖြင့် အုပ်ချုပ်/ထောက်ပံ့မှု ကိစ္စရပ်များကို ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဌာနဆိုင်ရာတာဝန်ရှိသူများက စနစ်တကျရှိစေရေး ဆောင်ရွက် ခဲ့ကြသည်။

ဖာပွန်မဲဆန္ဒနယ်တွင် မြို့ပေါ်(၄)ရပ်ကွက်၊ ကျေးရွာ (၂)ရွာတို့တွင် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၂၃၁၈၆)ဦး ရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှသိရှိရသည်။

ခရိုင် (ပြန်/ဆက်)