ကမမောင်းမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လက်တွေ့စမ်းသပ်မဲပေး 

ကမမောင်း ဇန်နဝါရီ ၁၀

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်   စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အထက(က‌မမောင်း)ကျောင်းတွင် ပြုလုပ်သည်။

အခမ်းအနားတွင် ရှေ့တန်းအမှတ်(၈)စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်ထိန်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်ရေးအတွက်  သက်ဆိုင်ရာတာဝန်ကျဌာနဆိုင်ရာများအား တက်ညီလက်ညီဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ပြောကြားခဲ့ပြီး ဖာပွန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးမင်းက မဲရုံကိစ္စနှင့်ပတ်သက်သည်များ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကမမောင်းမြို့တွင် လက်တွေ့စမ်းသက်မဲပေးခြင်းကို အလက-၄၊ မူလွန်-၂၊ အမက(ကော့ကရက်)၊ အမက(လွှစင်)၊ မူလွန်(၁၀၁၄)၊ မူလွန်(ဝါကော်ကျေး) ကျောင်းများ၌ပြုလုပ်ရာ ရှေ့တန်းအမှတ်(၈)စစ်ဆင်ရေးကွပ်ကဲရေးမှူး၊  ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်၊ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဆောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်း၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ကမမောင်း(ပြန်/ဆက်)