တောင်ကြီးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လုပ်ငန်းဆန်းစစ်သုံးသပ်မှုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လုပ်ငန်းဆန်းစစ်သုံးသပ်မှုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

ဦးစွာ ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း၌ ရာဂီမုန်တိုင်းကြောင့် ပေါ်ပေါက်လာခဲ့သော ယာယီခိုလှုံရာစခန်းပေါင်း (၈၄)ခုနှင့် မန္တလေးငလျင်ကြီးကြောင့် ပေါ်ပေါက်လာခဲ့သော ယာယီခိုလှုံရာစခန်းပေါင်း (၁၇)ခုရှိခဲ့ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ယခင်ဖြစ်ပွားခဲ့သည့် သဘာဝဖြစ်စဉ်များမှ ကြုံတွေ့ခဲ့ရသော အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ထို့နောက် ဒေါက်တာသူရိန်ထွန်းက ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးနှင့်ပြည်သူ့ကျန်းမာရေးအခြေအနေများ၊ အဆိုပါအခြေအနေများတွင် ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တက်ရောက်လာသူများက ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မှုနှင့် တွေ့ကြုံရသောအခက်အခဲများအား တင်ပြရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လုပ်ငန်းဆန်းစစ်သုံးသပ်မှုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၃၆)ဦး တက်ရောက်ခဲ့ကြောင်း  သိရသည်။

မင်းသန့် (ပြန်/ဆက်)