ဘုတ်ပြင်း ဇန်နဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံး (ဂိုးလတ်) ပြိုင်ပွဲကို ယမန်နေ့ညနေက မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း (၄) ပါဝင်ယှဉ်ပြိုင်ကြ၍ လေးသင်းပတ်လည်စနစ်ဖြင့် တစ်နေ့လျှင် ပွဲစဉ် (၂) ပွဲဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အုပ်စုအဖွင်ပွဲစဉ်အဖြစ် အ.ထ.က-တောင်ဒဂုံကျောင်းအသင်းနှင့် မူလွန်-အောင်မင်္ဂလာကျောင်းအသင်း၊ အ.ထ.က-ဘုတ်ပြင်းကျောင်းအသင်းနှင့် အ.လ.က-တော်ဝင်မြင့်မိုရ်ကျောင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ဗိုလ်လုပွဲနှင့်ဆုပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘုတ်ပြင်း(ပြန်/ဆက်)