ကျောက်ပန်တောင်း ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ လာရောက်ဆန္ဒမဲပေးနိုင်ရေးတို့အတွက် အသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမကြီးများတွင် လှည့်လည်ဆော်ဩခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် အဖွဲ့သည်၊ မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမကြီးများ၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း မိမိတို့ နိုင်ငံသားအခွင့်အရေးကို လက်လွတ်ဆုံးရှုံးမခံဘဲ၊ သက်ဆိုင်ရာမဲရုံအသီးသီးသို့ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ လွတ်လပ်စွာ သွားရောက် မဲပေးနိုင်ကြရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)