ဘားအံတက္ကသိုလ်တွင် ဆောင်းရာသီအားကစားပြိုင်ပွဲကျင်းပ

ဘားအံ ဇန်နဝါရီ ၇

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ဆောင်းရာသီ အားကစားပြိုင်ပွဲ ကျင်းပမှုနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဘားအံတက္ကသိုလ်ရှိ ဘာသာရပ်ပေါင်းစုံမှ အမျိုးသားဘောလုံးအသင်း (၇) သင်း၊ အားကစားသမား စုစုပေါင်း (၁၂၆) ဦးဖြင့် ဇန်နဝါရီလ (၆) ရက်နေ့မှ (၁၆) ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)