မောက်မယ် ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အောင်မြင်စွာ ပါဝင်မဲပေးနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်၍ ယနေ့နံနက်၆နာရီခွဲက “ဒို့အတူမဲပေးကြမယ်” နံရံကပ်စာစောင်နှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါနံရံကပ်စာစောင်အား မြို့နယ်ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြသထားရှိပြီး လက်ကမ်းစာစောင်များကို လူစည်ကားရာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်၊ စျေးဆိုင်ခန်းများနှင့် (၅) ရက် တစ်စျေးမောက်မယ်စျေးနေ့တွင် စျေးရှေ့နှင့်စျေးအတွင်း ရောင်းဝယ်နေကြသူများအား ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်တွင် မဲဆန္ဒရှင်ပြည်သူများအဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး“ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များအား လမ်းသွားလမ်းလာ ပြည်သူများထံသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ဖြန့်ဝေပေးခဲ့ရာ လက်ကမ်းစာစောင်တွင် ဒို့အတူမဲပေးကြမယ်စာသားနှင့် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ စာသားများပါရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)