တနင်္သာရီ ဇန်နဝါရီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂)တွင် ပါဝင်သည့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက် ဓမ္မာရုံများတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိ ဒေါ်ရွှန်းလဲ့ရည်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း သိကောင်းစရာများနှင့် မဲပေးစက် အသုံးပြု၍ မဲပေးပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM)စနစ်ဖြင့် မဲပေးခြင်း ဆိုင်ရာနည်းစနစ်များ၊ မဲပေးစက်နှင့်မဲပေးပုံ အဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြခဲ့ကြကာ တက်ရောက်လာကြသော မဲဆန္ဒရှင်ပြည်သူများက (MEVM)စနစ်ဖြင့် လက်တွေ့မဲပေးခြင်းလုပ်ငန်းများကို စမ်းသပ်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာကြသော မဲဆန္ဒရှင်ပြည်သူများ “ဒို့အတူတူမဲ ပေးကြမယ်”လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သီသီခိုင်(ပြန်/ဆက်)