ထားဝယ် ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်(၂၀)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ပြိုင်ပွဲအမျိုးအစားအလိုက် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာဗိုလ်လုပွဲသို့တက်ရောက်လာသော အမျိုးသားအမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းအသင်းတို့၏ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း အသင်းက (၄)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အားဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုက စက်ဘီးစီးပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက် မီတာ(၁၀၀၀၀) ပြိုင်ပွဲ၊ အလွတ်တန်းမီတာ (၁၀၀၀) ပြိုင်ပွဲ၊ လူသစ်တန်းမီတာ (၃၀၀၀) ပြိုင်ပွဲ၊ အမျိုးသမီးမီတာ (၄၀၀၀) နှင့်မီတာ (၅၀၀) ပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းက ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အငယ်တန်းအမျိုး သမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ ( ၂ )ယောက်တွဲ အလွတ်တန်းပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က စားပွဲတင်တင်းနစ် အမျိုးသားအလွတ်တန်းတစ်ဦးချင်းပြိုင်ပွဲ၊ အသက်(၂၅)နှစ်အောက် တစ်ဦး ချင်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအားလည်းကောင်း တစ်ဦးချင်းဆုနှင့်ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပိုက်ကျော်ခြင်း(၃)ဦးတွဲ ပြိုင်ပွဲ၊ အလွတ်တန်း (၄) ဦးတွဲပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသည့် အသင်းများအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ထုတ်ဆီးတိုး ပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသည့် အသင်းများအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းဇော်မြင့်က အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသည့် အသင်းများအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီးပေးအပ် ချီးမြှင့်သည်။
ထို့နောက်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးက အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲများတွင် ဒုတိယဆုရရှိသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအသင်း၊ ပထမဆုရရှိသည့် အမှတ် (၂)အခြေခံပညာအထက်တန်း ကျောင်းအသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမျိုးသမီးပထမဆုရရှိသည့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့်အမျိုးသားပထမဆုရရှိသည့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းအသင်းများအား ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး