ကလိန်အောင်မြို့၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကျင်းပ

ကလိန်အောင် ဇန်နဝါရီ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့ ရာဖူး‌ကျေးရွာ အခြေခံပညာအထက်ကျောင်း(ခွဲ) အားကစားကွင်း၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး ကျောင်းသား/သူများက ဘောလုံးကန်း၊ ဂုန်နီအိတ်စွပ် မီတာ(၅၀)၊ အာလူးကောက်၊ မုန့်ကိုက်ပြိုင်၊ ဘောလုံးဖောက်လွန်စွဲ/ မီတာ(၁၀၀) အပြေးပြိုင် စသည့် အားကစားနည်းများကို အားကစားဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကြကြောင်းသိရသည်။

ဆက်လက်၍ ပြိုင်ပွဲအသီးသီးအလိုက် ပထမ၊ ဒုတိယ၊ တတိယရရှိသည့်သူမျာကို (၇၈)နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားတွင် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)