လောင်းလုံး ဇန်နဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အနေဖြင့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီမှ မီတာ (၁၀၀) ပြေးပြိုင်ပွဲနှင့် အာလူးကောက်ပြိုင်ပွဲများကို ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်၍ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ထိုက်နှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)