တနင်္သာရီတိုင်းဒေသကြီး စံပြမိခင်နှင့် ကလေးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ထားဝယ် ဇန်နဝါရီ ၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးစံပြမိခင်နှင့် ကလေးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ(၂)၌ ကျင်းပသည်။

 

ဦးစွာကလေးပြိုင်ပွဲ မွေးကင်းစမှ(၆)လ၊ (၆)လမှ(၁)နှစ်၊  (၁)နှစ်မှ(၁)နှစ်ခွဲ၊ (၁)နှစ်ခွဲမှ(၂)နှစ် စုစုပေါင်းကလေး(၄၀)ဦးနှင့် စံပြမိခင်(၁၀)ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ က စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။

ထို့နောက်ဆုချီးမြှင့်အခမ်းအနားကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဂျီဆိုင်းတောင်က စံပြမိခင်နှင့်ကလေးပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးသော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးမိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့က စံပြမိခင်နှင့် ကလေးပြိုင်ပွဲ (၄) မျိုးမှ ပထမ၊ ဒုတိယ ၊ တတိယ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)