မိုင်းယောင်း ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက် (၉)နာရီက မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲလုပ်ငန်း လမ်းညွှန်မှုဆိုင်ရာများ ဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဝင်းတင်နှင့် အဖွဲ့ဝင်များ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ (၂၀၀)ဦး တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပထမပိုင်းရွေးကောက်ပွဲကျင်းပချိန်တွင် တွေ့ရှိရသည့် အားနည်းချက်၊ အားသာချက်များ၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လမ်းညွှန်မှုများ၊ မဲရုံပိတ်ချိန်၌ ရေးသွင်းဖြည့်စွက်ရမည့် စာရင်းပုံစံများ၊ မဲရုံတာဝန်ထမ်းဆောင်သူများ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအား ဆွေးနွေးကြသည်။
ထို့နောက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)