မိုင်းပန်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းပန် ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီက  လူစည်ကားရာ မြို့မဈေးရှေ့နှင့် မြို့အဝင်ဂိတ်များတွင် ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ၊ ရွေးကောက်ပွဲတာဝန်ရှိသူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများမှ ရှမ်း/မြန်မာဘာသာရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်(၅၈၀)အား ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။                                                                                                                     မြို့နယ်(ပြန်/ဆက်)