မောက်မယ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

မောက်မယ် ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် အပိုင်း(၂) ဇန်နဝါရီလ (၁၁)ရက်နေ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် အခြေခံပညာကျောင်းများ၌ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို လင်းခေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊  ဒီဇင်ဘာလ ၃၁ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို လင်းခေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သင်းသင်းနိုင်တို့နှင့် တာဝန်ရှိသူများလိုက်ပါ၍ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်များနှင့်တွေ့ဆုံကာ  မဲရုံများတွင် လွှတ်တော်အလိုက် MEVM စက်ဖြင့် ဆန္ဒမဲ‌ပေးမည့်နေရာများ၊ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ဆန္ဒပြုခန်းများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကာ မောက်မယ်မြို့နယ်တွင် (၇)ရပ်ကွက် (၈)အုပ်စုရှိ  မဲရုံများ(၃၃)ရုံမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)