မိုင်းယန်းမြို့၌ အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ လာရောက်ဖျော်ဖြေ

မိုင်းယန်း ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ပြည်သူများအပန်းဖြေစေရန် ယမန်နေ့ ည ၇ နာရီမှ စတင်၍ မြို့မအားကစားခန်းမအတွင်း အကပဒေသာများဖြင့် ဖျော်ဖြေလျက်ရှိသည်။

အဆိုပါ အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲအား ဗိုလ်ကြီးရှိုင်းသူ ဦးဆောင်သောတပ်ဖွဲ့ဝင် စစ်သည်၊ စစ်သည်မီးများမှ ပြည်သူတို့၏ တစ်နေ့တာ အလုပ်အမောအပန်းများကို စိတ်အပန်းဖြေစေရန် ရည်ရွယ်၍  တေးသီချင်းများ၊ တေးသရုပ်ဖော်၊ အကပဒေသာများ၊ ဟာသပြဇာတ်တို၊ မျက်လှည့်များဖြင့် ကပြတင်ဆက်မှုများကို မိုင်းယန်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ အရာရှိကြီးများ၊ ဒေသခံတိုင်းရင်းသားပြည်သူများတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုတော်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး