ဟားခါး ဒီဇင်ဘာ ၂၈
ချင်းပြည်နယ် ဟားခါးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီးဒေါ်ဒိမ်ခန့်လွင်နှင့် ပြည်နယ်ဝန်ကြီးများက မဲဆန္ဒရှင်ပြည်သူများနှင့်အတူ ယနေ့တွင် အေးချမ်းစွာဆန္ဒမဲပေးကြသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ဟားခါးမြို့၌ မြို့ပေါ် ရပ်ကွက် ( ၈ )ခုတွင် မဲရုံ( ၁၂ )ရုံတွင် ပြည်သူများမဲပေးကြကြောင်း၊ အလားတူ တီးတိန်မြို့ပေါ်နှင့်တီးတိန်မြို့နယ်ခိုင်ကမ်းမြို့တို့တွင်လည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပလျက်ရှိပြီး တီးတိန်မြို့ပေါ်ရပ်ကွက် (၄)ခု၌ မဲရုံ (၅)ရုံ၊ ခိုင်ကမ်းမြို့ ရပ်ကွက်(၄)ခုတွင် မဲရုံတစ်ရုံ စုစုပေါင်းမဲရုံ(၆)ရုံ ပြည်သူများ စနစ်တကျလာရောက်မဲပေးကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)