ပူတာအို ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြို့နယ်သုံးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ယနေ့ နံနက်(၆)နာရီမှစတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများစတင်မဲပေးနေကြကြောင်း သိရသည်။
ပူတာအိုခရိုင်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ပူတာအို၊ နောင်မွန်း၊ ခေါင်လန်ဖူးမြို့နယ်များတွင် ကျင်းပရာ ပြည်သူများ ယနေ့နံနက်ပိုင်းက စတင်မဲပေးခဲ့ကြပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို မချမ်းဘောမြို့နယ်အတွင်း ကျင်းပသွားမည် ဖြစ်သည်။
ပူတာအိုခရိုင်တွင် ရပ်ကွက်မဲရုံပေါင်း(၂၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၅) အုပ်စု၊မဲရုံပေါင်း(၁၀၁)ရုံ၊ တတိယအကြိမ် အတည်ပြုပြီး မဲဆန္ဒရှင်ပြည်သူ ပေါင်း(၅၁၂၇၂)ဦး တို့က ဆန္ဒမဲပေးခဲ့ကြပြီး ပူတာအိုခရိုင်တွင် နိုင်ငံရေးပါတီပေါင်း(၈)ခု ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။ ခရိုင်(ပြန်/ဆက်)