လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာလာ‌ ရောက်ဆန္ဒမဲပေး

လားရှိုး ဒီဇင်ဘာ ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကို ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီး၌ တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား မဲရုံအသီးသီး၌ ယနေ့နံနက် (၆) နာရီက စတင်ကျင်းပခဲ့သည်။

ထိုသို့ကျင်းပလျက်ရှိရာတွင် မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက မဲပုံးများအား ပါတီကိုယ်စားလှယ်များအားပြသ၍ လုံခြုံရေးကြိုးများ တပ်ဆင်ပြီးနောက် နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်‌ပေးခဲ့ရာ လားရှိုးမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံအသီးသီး၌ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို လွတ်လပ်စွာဆန္ဒပြုရွေးချယ် မဲပေးလျက်ရှိသည်။

လားရှိုးမြို့တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌  ရပ်ကွက် ၁၂ ခု ကျေးရွာအုပ်စု ၁၁ စု စုစုပေါင်း ၂၃ ခုတို့တွင် မဲရုံ စုစုပေါင်း ၇၆ရုံ ရှိပြီး စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ ၁၀၉၂၄၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ခရိုင် (ပြန်/ဆက်)