လင်းခေးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပ

လင်းခေး ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ယနေ့နံနက် (၆)နာရီက  ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပကြောင်း သိရသည်။

လင်းခေးမြို့နယ်အတွင်းတွင် မြို့ပေါ် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအသီးသီးရှိ မဲရုံမှူးများနှင့် မဲရုံတာဝန်ရှိသူအဖွဲ့က မဲရုံများကို ယနေ့နံနက် (၆)နာရီမှစတင်ဖွင့်လှစ်ကာ၊ မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အများပြည်သူတို့ တစ်ဦးချင်းအလိုက် မိမိတို့မဲပေးရမည့် မဲရုံများတွင် အေးချမ်းပျော်ရွှင်စွာဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်း သတင်းရရှိသည်။

လင်းခေးမြို့နယ်အနေဖြင့် ဆန္ဒမဲပေးရုံစုစုပေါင်း (၃၈)ရုံ ဆောင်ရွက်ထားရှိပါကြောင်း  မြို့နယ်တာဝန်ရှိသူထံမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)