ကော့မှူး ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာထားမှုကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက လိုက်လံကွင်းဆင်း၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များက ကန်သုံးကန်နှင့်ကိုးထောင်ကျေးရွာအုပ်စုများတွင် တတိယ အကြိမ် မဲစာရင်းကပ်ထားကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တာဝန်ရှိသူများကမဲရုံများ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်ပြည်သူများမဲရုံသို့ သွားရောက်ရာတွင် အဆင်ပြေစွာဆောင်ရွက် ပေးရမည့် ကိစ္စရပ်များ၊ မဲဆန္ဒရှင်ပြည်သူများအတွက် နားနေရန်နေရာများစီစဉ်ထားရန် ကိစ္စရပ်များအား တာဝန်ရှိသူများအား မှာကြားခဲ့ပါကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)