နောင်ချိုမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးလျက်ရှိ

နောင်ချို ဒီဇင်ဘာ ၂၈ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးနေကြသည်ကို တွေ့ရသည်။ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်ရေးမှူးများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ ကိုယ်စားလှယ်လောင်းများ စသည့်အသိသက်သေများ ရှေ့မှောက်တွင် MEVM မဲပုံးများစစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များစစ်ဆေးခြင်း၊ ကိုယ်စားလှယ်လောင်းများအား ကြိုတင်စမ်းသပ်မဲဆောင်ရွက်စေခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းများ ဆောင်ရွက်ပြီးသည့်နောက် နံနက် (၆း၀၀)နာရီအချိန်မှ စတင်ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများမှ သက်ဆိုင်ရာမဲရုံများတွင် ဆန္ဒမဲပေးခဲ့ကြသည်

နောင်ချိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်၊ ကျေးရွာ/အုပ်စု (၂၁)အုပ်စု၌ မဲရုံစုစုပေါင်း (၅၆)ရုံတို့တွင် မဲပေးပိုင်ခွင့်ရှိသူ (၇၅၆၆၉)ဦးတို့က မိမိတို့ကြိုက်နှစ်သက်ရာပါတီကို မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

နောင်ချို(ပြန်/ဆက်)