ကျောက်တလုံးကြီးမြို့၌  ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ‌မဲပေး

ကျောက်တလုံးကြီး ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးရှိမဲရုံများတွင် ယနေ့နံနက် ၆ နာရီက စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ မဲပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ကျောက်တလုံးကြီးမြို့အတွင်း မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇ အုပ်စုတွင် မဲရုံပေါင်း ၃၅ ရုံ ဖွင့်လှစ်ထားရှိပြီး မြန်မာအီလက်ထရွန်းနစ်မဲပေးစက်(MEVM)ဖြင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးလျက်ရှိ‌ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ကြီးကြပ်ကွယ်ကဲရေးအဖွဲ့များ ကျောက်တလုံးကြီးမြို့ ဌာနဆိုင်ရာများ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း