ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

ဒဂုံတောင်  ဒီဇင်ဘာ ၂၈

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ရာ မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ တာဝန်ကျဝန်ထမ်းများက ကြိုတင်မဲပေးခြင်းများကို ဒီဇင်ဘာ ၂၆ ရက်နေ့က စတင်ဆောင်ရွက်ကြရာ ယနေ့တွင်လည်းဆက်လက်ဆောင်ရွက်ကြသည်။

ထို့အတူ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်တွင် သက်ဆိုင်ရာမဲရုံများသို့ မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ မဲပေးမည့်နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက စနစ်တကျစိစစ်၍ အိမ်တိုင်ရာ ရောက် မဲပေးနိုင်ရေးကို ယမန်နေ့နံနက်ပိုင်က ကွင်းဆင်း၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရပ်ကွက် ၄၁ ရပ်ကွက်ရှိပြီး မဲရုံ  ၁၆၇ ရုံ ထားရှိကာ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာနှင့် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သန်းသန်းအေး(ပြန်/ဆက်)