ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ပြင်ပရောက် ပြည်တွင်း ကြိုတင်မဲများဖွင့်ဖောက်

ဒဂုံတောင်   ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအ​ထွေထွေ ရွေးကောက်ပွဲအတွက် ပြည်တွင်းမှပေးပို့လာသော ကြိုတင်မဲများ ဖွင့်ဖောက်ခြင်းကို ယမန်နေ့ည‌နေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်  ဦးတင့်နိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ပါတီကိုယ်စားပြုကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုကြသည်။

ဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်က မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးအတွက် မြို့နယ်ပြင်ပသို့ ရောက်ရှိနေသည့် ပြည်တွင်းမှ မဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားမဲဆန္ဒရှင်များ၏ ကြိုတင်မဲများကို  မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များရှေ့တွင် ဖွင့်ဖောက်ရေတွက်ကြမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကရောက်ရှိလာသော မဲလက်မှတ်များကိုပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းရင်းသားလွှတ်‌တော်ဆိုင်ရာ ကြိုတင်ဆန္ဒမဲလက်မှတ်များကို ပါတီကိုယ်စားလှယ်များ ရှေ့တွင် ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်ရေတွက်ကြကြောင်း သိရသည်။

သန်းသန်းအေး(ပြန်/ဆက်)