ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မဲရုံများ ပြင်ဆင်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

အင်းစိန် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မဲရုံများ ပြင်ဆင်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း အမှတ်(၉)ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းရှိ မဲရုံ(၁) ပြင်ဆင်ထားရှိမှုအခြေအနေအားလည်းကောင်း၊ အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံ(၁) ပြင်ဆင်ထားရှိမှု အခြေအနေအားလည်းကောင်း၊ အမှတ်(၁၀)ရပ်ကွက်၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဌာနရှိ မဲရုံ(၂) ပြင်ဆင်ထားရှိမှု အခြေအနေအားလည်းကောင်း၊ အမှတ်(၉)ရပ်ကွက်၊ UNIVERSITY OF YANGON CENTER FOR RESEARCH AND INNOVATIONရှိ မဲရုံ (၂) ပြင်ဆင်ထားရှိမှုအခြေအနေအားလည်းကောင်း၊ အမှတ် (၆) ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံ(၁) ပြင်ဆင်ထားရှိမှုအခြေအနေအားလည်းကောင်း၊ အမှတ်(၅)ရပ်ကွက်၊ အမှတ် (၁၀) အခြေခံပညာမူလတန်းကျောင်းရှိ မဲရုံ(၃) ပြင်ဆင်ထားရှိမှု အခြေအနေအားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊ ဓမ္မာရုံရှိ မဲရုံ(၂) ပြင်ဆင်ထားရှိမှု အခြေအနေအား လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်၊ Pride ISM ကိုယ်ပိုင်ကျောင်းရှိ မဲရုံ(၂)နှင့်(၃) ပြင်ဆင်ထားရှိမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်နှင့် အလုံခရိုင်၊ အလုံမြို့နယ်များ အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေအားလည်းကောင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေအား လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေအား လည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေအားလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး က မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်နှင့် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်များအတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေအား လည်းကောင်း၊ အတွင်းရေးမှူး ဦးနေဝင်းအောင်က သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်များအတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)