မြဝတီ ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၉နာရီ၌ သတ်မှတ်မဲရုံများ စီမံပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်နှင့်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦး၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းထက်နှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဌာနဆိုင်ရာတာဝန်ရှိသူများက မြဝတီမြို့ပေါ်/ကျေးရွာများရှိ သတ်မှတ်မဲရုံ ပြင်ဆင်နေရာ ချထားမှုအခြေအနေနှင့် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများ သတ်မှတ်ပုံစံအတိုင်း စီမံပြင်ဆင်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစိစစ်ခဲ့ကြသည်။
မြဝတီမြို့ပေါ် (၇)ရပ်ကွက်နှင့် ပူလွဲပူကျေးရွာအုပ်စုရှိ (အရပ်သား၊တပ်မဲရုံ)၊မဲပလဲ့ ကျေးရွာအုပ်စု၊ မဲကနယ်ကျေးရွာအုပ်စု၊ ဖားကလူကျေးရွာအုပ်စုများရှိ (တပ်မဲရုံ)များဖြင့် အရပ်သား မဲရုံ(၃၅)ရုံ၊ တပ်မဲရုံ (၇)ရုံ သတ်မှတ်မဲရုံစုစုပေါင်း (၄၂)ရုံ အတွက် မဲပေးစက်များကို ခရိုင်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ခရိုင်၊မြို့နယ်ရွေး ကောက်ပွဲအရာရှိနှ င့်တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (အဖွဲ့ဝင်)ဌာနဆိုင်ရာများပူးပေါင်း၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ (တာဝန်ရှိသူ)ထံ ယမန်နေ့ နံနက်ပိုင်းက စနစ်တကျ လွှဲပြောင်းပေးခဲ့သည့် မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို မဲရုံ (၄၂)ရုံ ရှိ တာဝန်ရှိသူများက သတ်မှတ်ပုံစံအတိုင်း ပြင်ဆင်နေရာ ချထားပြီး မဲပေးစက်များကို လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်ခဲ့ကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်းက ဦးဆောင်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် တာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (စိစစ်ရေးအဖွဲ့) (၄)ဖွဲ့ မှတာဝန်ရှိသူများက သက်ဆိုင်ရာမဲရုံများအလိုက် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး လုံခြုံရေးကိစ္စရပ်များနှင့် အုပ်ချုပ်/ထောက်ပံ့မှုကိစ္စရပ်များ ကိုပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)