ဟိုပုံး ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ဒီဇင်ဘာလ (၂၈)ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိသော ကျေးရွာအုပ်စု မဲရုံများအား ယမန်နေ့နံနက်ပိုင်းက ဟိုပုံး တပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဒုတိယရဲမှူးကြီး သန်းဋ္ဌေးအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဟိုပုံးတပ်နယ်မှူးနှင့် တာဝန်ရှိသူများသည် စံဖူးကျေးရွာအုပ်စုနှင့် စငေါကျေးရွာအုပ်စုရှိ မဲရုံသို့သွားရောက်ပြီး မဲရုံများပြင်ဆင်ထားရှိမှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိမှု၊ လျှပ်စစ်သွယ်တန်းထားရှိမှု၊ မဲရုံတာဝန်ကျဝန်ထမ်းများ စုဖွဲ့ထားရှိမှုနှင့် လုံခြုံရေးအဖွဲ့များ တာဝန်ထမ်းဆောင်နေမှုအခြေအနေများကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)