ကျောက်တလုံးကြီး ဒီဇင်ဘာ ၂၈
၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်းသည် ဒီဇင်ဘာလ ၂၇ ရက် ညနေပိုင်းက ကျောက်တလုံးကြီးမြို့အတွင်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကျောက်တလုံးကြီးမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဖွင့်လှစ်ထားသည့်မဲရုံများ၌ မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ တတိယအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာထားရှိမှုအား လာရောက်ကြည့်ရှုနေမှု၊ မဲဆန္ဒရှင်ပြည်သူများ စိတ်ချမ်းမြေ့စွာမဲပေးနိုင်ရေး ပြင်ဆင်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးရာ ကျောက်တလုံးကြီး မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း