ကမာရွတ်မြို့နယ်၌ ပြည်တွင်းရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် ကြိုတင်မဲများဖွင့်ဖောက်ရေတွက်

ကမာရွတ် ဒီဇင်ဘာ၂

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက်ကြိုတင်မဲများ ဖွင့်ဖောက် ရေတွက်ခြင်းကိုယေနေ့၊ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် စည်ပင်သာယာပိုင် ၈ တပ် အဆောက်အအုံရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်ရာတွင်လည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပါတီကိုယ်စားပြုကိုယ်စား လှယ်များရှေ့တွင် ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ ကြိုတင်မဲများကို ဖွင့်ဖောက်ရေတွက်ခဲ့ကြသည်။

ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်ရာသို့လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များနှင့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)