မြင်းခြံ ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေး ရေတွက်ခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက်ရှိသူများ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များ ပါဝင်သည့် စာအိတ်များအား ပုံစံ (၁-၁)၊ ပုံစံ (၁-၂)၊ ပုံစံ (၁-၄)နှင့် ကြိုတင်ဆန္ဒမဲပေးသူများ လက်မှတ်ရေးထိုးထားသည့် ပုံစံ-၁၅ (က-၁)၊ ပုံစံ-၁၅ (ခ-၁) တို့ဖြင့် တိုက်ဆိုင်စစ်ဆေးကာ ကြိုတင်ဆန္ဒမဲလက်မှတ်များ ရေတွက်ခဲ့ကြသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ်များ ရေတွက်ခြင်းကို ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စား လှယ်များ၊ အသိသက်သေများ၊ အများပြည်သူများရှေ့တွင် ဖွင့်ဖောက်စစ်ဆေးရေတွက်ခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)