မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များ ဖွင့်ဖောက်ရေတွက်

မိုင်းယန်း ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ  သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို ဒီဇင်ဘာ ၂၆ ရက် ညနေ ၄ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဖွင့်ဖောက်ရေတွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများမှ အသိသက်သေများ ရှေ့မှောက်တွင် ဖွင့်ဖောက်ရေတွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူး