ရန်ကုန် ဒီဇင်ဘာ ၂၇
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒပြုခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်မဲများကို ယမန်နေ့ညနေ(၄)နာရီတွင် မြို့နယ်ရွေးကောက်ပွဲကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဖွင့်ဖောက်ကြေညာခဲ့ကြသည်။
ယင်သို့ ဖွင့်ဖောက်ကြေညာရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အောင်၊ အတွင်းရေးမှူး ဒေါ်ဖြူစင်ပွင့်က ကိုယ်စားလှယ်လောင်းအသီးသီး၏ ကြိုတင်ဆန္ဒမဲများ ဖွင့်ဖောက်ကြေညာပေးခဲ့သည်။
ယနေ့ဖွင့်လှစ်ကြေညာသော ကြိုတင်မဲများတွင် သင်တန်းကျောင်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ အကျဉ်းထောင်အသီးသီးတို့မှ မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်မဲများအား ဖွင့်ဖောက်ကြေညာပေးခဲ့ကြသည်။
အဆိုပါ ကြိုတင်မဲများ ဖွင့်ဖောက်ကြေညာရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဖြိုးသီဟ(သန်လျင်)