ထန်းတပင်မြို့နယ်၌ ပြည်တွင်းရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ် ပြင်ပရောက် ကြိုတင်မဲများဖွင့်ဖောက်ရေတွက်

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၇

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ် ပြင်ပရောက်ကြိုတင်မဲများဖွင့်ဖောက်ရေတွက်ခြင်းကိုဒီဇင်ဘာလ (၂၆) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်ရာတွင်လည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပါတီကိုယ်စားပြုကိုယ်စား လှယ်များရှေ့တွင် ပွင့်လင်းမြင် သာစွာဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့်တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ ကြိုတင်မဲ များကိုဖွင့်ဖောက်ရေတွက်ခဲ့ကြသည်။

ကြိုတင်မဲများဖွင့်ဖောက်ရေတွက်ရာသို့လည်း  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များနှင့် ပါတီကိုယ်စားပြုကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)