လွိုင်လင်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

လွိုင်လင် ဒီဇင်ဘာ ၂၆

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ရာ မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ တာဝန်ကျဝန်ထမ်းများ က ကြိုတင်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်တွင် သက်ဆိုင်ရာမဲရုံများသို့ မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ မဲပေးမည့်နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စနစ်တကျစိစစ်၍ အိမ်တိုင်ရာရောက် မဲပေးနိုင်ရေးကို ယနေ့နံနက်ပိုင်က ကွင်းဆင်း၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)